Channel Myanmar

Arrival (2016)

Arrival    

PG-13 116 min DramaMysterySci-Fi

7.9
IMDB: 7.9/10 113,438 votes

, , ,

Nominated for 2 Golden Globes. Another 28 wins & 150 nominations.

USA

1261051

Report error

442

Arrival (2016)

IMDb Rating (7.9) / Rotten Tomatoes (94%)
Mystery/Science fiction

Arrival ဆိုတာ လေဆိပ်မှာဆိုရင်တော့ ဆိုက်ရောက်ပေါ့ဗျာ..

ဒီဇာတ်ကားထဲမှာလဲ တစ်စုံတစ်ဦးက တစ်နေရာရာကို ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုမြင်တွေ့ရမှာပါ။

အမှန်ပြောရရင် ကျွန်တော်ဒီကားကို Trailer လည်းမကြည့်ဖြစ်တော့ ဇာတ်ကားမကြည့်ခင်အထိ အာကာသနဲ့ ပတ်သက်တဲ့ ဇာတ်ကားလို့ပဲထင်ခဲ့ဖူးတယ်။ တကယ်တမ်းမှာ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်နေတာပါ။.. ဇာတ်ကားအမျိုးအစားကို Mystery/Science fiction လို့ ဖော်ပြကြပေမယ့် ကျွန်တော်ကတော့ Drama ဇာတ်ကားကောင်းတစ်ကားကို ကြည့်ခွင့်ရလိုက်တယ်လို့ပဲ ခံစားရပါတယ်။

Director Denis Villeneuve က ရိုက်ကူးပြီး မင်းသမီး Amy Adams နဲ့ မင်းသား Jeremy Renner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့….

Dr. Louise Banks ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အစပြုထားပါတယ်။ သူမက ကလေးငယ်တစ်ဦးရဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သမီးလေးကို တစ်ဦးတည်း ထိန်းကြောင်းနေတဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ လက်မှာ လက်ထပ်လက်စွပ်လည်းဝတ်ထားပြီး ခင်ပွန်းအကြောင်းကို မရိုက်ပြထားတော့ မုဆိုးမ / တစ်ခုလပ်အနေနဲ့ပဲ ဘဝကို သမီးလေးနဲ့ အတူဖြတ်သန်းနေပုံတွေကို အဆင့်ဆင့်ဖော်ပြထားကာ နောက်ဆုံးမှာ သူ့သမီးလေးက ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာ ရောဂါဝေဒနာတစ်ခုကိုခံစားရပြီး ဆေးရုံတက်နေရင်းနဲ့ သူမရဲ့ လက်ထက်မှာပဲသေဆုံးသွားခဲ့ပါတယ်။

သူမက ဘာသာဗေဒနဲ့ပတ်သက်ပြီး Doctor ဘွဲ့ရရှိထားတာဖြစ်ပြီး တက္ကသိုလ်တစ်ခုမှာ စာပြလျက်ရှိပါတယ်။
တစ်နေ့တော့ သူမရဲ့ စာသင်ခန်းမှာ သာမန်ထက်ကျောင်းသားတွေ ပိုနည်းနေပြီး စာသင်နေရင်းနဲ့ တွေ့ရှိရတဲ့ သတင်းတစ်ခုကတော့..
ကမ္ဘာမြေပေါ်ကို အမည်မသိ ယာဉ်ပျံကြီး (၁၂)စင်း ရောက်ရှိနေပြီး မတူညီတဲ့ နိုင်ငံ (၁၂)ခုမှာ ဆင်းသက်ရပ်နားထားတယ်ဆိုတဲ့ .. သတင်းပါ။
သက်ဆိုင်ရာ နိုင်ငံအသီးသီးက အစိုးရတွေကလည်း ဒီယာဉ်ပျံတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို .. အံ့သြစရာကောင်းလောက်အောင် ကြီးမားနေတာကြောင့် ပြည်သူလူထုကလည်း အထိပ်တလန့်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။

ဒါဟာ နိုင်ငံတစ်နိုင်ငံထဲရဲ့ အရေးမဟုတ်တော့ပဲ.. တစ်ကမ္ဘာလုံးရဲ့ အရေးဖြစ်တာကြောင်း United Nation (UN) ကဝင်ရောက်ကိုင်တွယ်နေသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ပြီး သတင်းအချက်အလက်များ ဖလှယ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။

Dr. Louise Banks တို့ တက္ကသိုလ်ကလည်း အခြေအနေမတည်ငြိမ်မှုတွေကြောင့် ကျောင်းရှိလူကုန်ကို အိမ်ပြန်စေပါတယ်။ Dr. Louise Banks ကတော့ သူမတစ်ဦးတည်း နေထိုင်တဲ့ အိမ်ကို သက်သက်သာသာပဲပြန်လာခဲ့လိုက်ပါတယ်။ နောက်ရက်မှာတော့ သူမက တာဝန်အရ ကျောင်းကို ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမတပည့်တွေကတော့ ဘယ်သူမှ ကျောင်းလာမတက်ကြတော့ပါဘူး..

သူမရုံးခန်းမှာရှိနေစဉ်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်အမျိုးသား (၃)ဦးရောက်ရှိလာခဲ့ပြီး သူမကို ဘာသာပြန်ပေးဖို့အလုပ်အပ်ပါတယ်။ ဒါပေမယ့် ဘာသာပြန်ပေးရမှာက အသံသွင်းထားတဲ့ စက်ထဲက ထူးထူးဆန်းဆန်းအသံတွေကိုပါ။ အချက်အလက်မပြည့်စုံပဲ.စကားပြောဆိုတဲ့သူကိုလည်း မတွေ့ရတာကြောင့် သူမက ဘာသာပြန်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်နေ့ မနက်အစောပိုင်းမှာပဲ သူမရဲ့ အိမ်ကို ရောက်ရှိလာပြီး ဒီတစ်ခါတော့ အသံသွင်းထားတဲ့ File ကို ဘာသာပြန်ရမှာမဟုတ်ပဲ.. အသံထွက်တဲ့ နေရာအထိခေါ်သွားဖို့အတွက် ရောက်ရှိလာတာပါ…

အဲဒီနောက်မှာတော့ …
စစ်သုံးရဟတ်ယာဉ်ပေါ်မှာ Ian Donnelly ဆိုတဲ့ ရူပဗေဒသိပ္ပံပညာရှင်နဲ့ တွေ့ဆုံပြီး သူတို့အလုပ်အတူတွဲလုပ်ရမှာဖြစ်ပါတယ်။
သူတို့နှစ်ဦးတွေ့ဆုံမှုမှာ ပထမဆုံးပြောတဲ့ Dialogue လေးတွေက စိတ်ဝင်စားစရာကောင်းတာကြောင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။

Ian က Louise ရေးသားတဲ့ ဘာသာဗေဒ စာအုပ်ထဲက စာသားအချို့ကို ရွတ်ပြခဲ့ပါတယ်။

“ Language is the foundation of civilization. It is the glue that holds the People together. It is the First weapon drawn in a conflict” (ဘာသာစကားဆိုတာ.. လူ့အဖွဲ့အစည်းရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး လူသားတွေကို အတူတကွရှိနေစေတဲ့ ကြားခံတစ်ခုပါ။ ရှုပ်ထွေးမှုတွေ အငြင်းပွားမှုတွေကိုဖြစ်စေတဲ့ ပထမဆုံးလက်နက်တစ်ခုလည်းဖြစ်တယ်။ )

Ian ရဲ့ စာသားအပေါ်မှတ်ချက်ကတော့ “It is great. Even if it is wrong” (မှားနေပေမယ့် ရေးထားတာအရမ်းကောင်းပါတယ်တဲ့)

Louise က သံယောင်လိုက်ပြီး ပြန်မေးပါတယ်။ “It is wrong?” မှားနေတာလား ??

အဲဒီအခါမှာ Ian က သူ့ရဲ့ သဘောထားကို ပြန်ပြောခဲ့ပါတယ်။ “ The cornerstone of civilization isn’t language. It’s Science” (လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်က ဘာသာစကားမဟုတ်ပါဘူး.. သိပ္ပံပညာသာဖြစ်ပါတယ်) တဲ့ …

အယူအဆမတူတဲ့ သူနှစ်ဦးက အလုပ်တစ်ခုကို တွဲလုပ်ကြရတော့မှာပါ…

အဲဒီနောက်မှာတော့ ယာဉ်ပျံတစ်စီးရှိနေတဲ့ အရပ်ကို ရောက်ရှိလာပါပြီ…

လေထုပြသနာရှိတာကြောင့် ၁၈နာရီမှာမှ တစ်ကြိမ် (နာရီအနည်းငယ်ခန့်)သာ ယာဉ်ပျံပေါ်တက်ရောက်ပြီး ဂြိုလ်သားတွေ့နဲ့ တွေ့ဆုံခွင့်ရှိတာကြောင့် ပထမဆုံး ဆုံတွေ့ချင်းမှာ.. တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က နားမလည်ခဲ့တာပါဘူး။
ဒုတိယအကြိမ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အက္ခရာချင်းဖလှယ်လို့ရအောင် ကြိုးစားပါတော့တယ်…
အဲဒီမှာသိလာရတာက စက်ဝိုင်းပုံတစ်ပုံဟာ ဝါကျတစ်ကြောင်းဖြစ်ပြီး ပါဝင်တဲ့ အစက်ကလေးတွေနဲ့ ပုံသဏ္ဍာန်တွေအပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်တွေကွဲပြားသွားပါတယ်။

တစ်ဖက်မှာလည်း ..လူတွေက ဒီယာဉ်ပျံကြီးတွေနဲ့ပတ်သက်လို့ ကြောက်ရွံ့ထိပ်လန့်မှုတွေပိုမိုတိုးပွားလာလျက်ရှိပြီး တစ်ပြိုင်နက်တည်းမှာပဲ.. အကြောက်တရားနဲ့ အတ္တတို့ပေါင်းစပ်ကာ.. တိုင်းပြည်မငြိမ်သက်မှုများ.. ဆူပူအုံကြွမှုများ နဲ့ အစိုးရပေါ်ဖိအားပေးမှုတွေရှိလာပါတော့တယ်။

Ian နဲ့ Louise တို့ကြိုးစားအဖြေရှာနေကြသလိုပဲ.. တခြားနိုင်ငံတွေကလည်း ဘာသာစကားကို နားလည်ဖို့ကြိုးစားနေကြပါတယ်။

သူတို့ အဓိကသိချင်ကြတဲ့ မေးခွန်းတွေကတော့..
ဂြိုလ်သားတွေ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်ပါပဲ…

အဲဒီလိုအဖြေရှာနေစဉ်ကာလအတွင်းမှာ Louise က သူမရဲ့ သမီးလေးနဲ့ပတ်သက်ပြီး မကြာခဏ သတိရလာသလို တိုက်ဆိုင်မှုတွေကိုလည်း မြင်နေရပါတယ်။ စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့ Louise တစ်ယောက် အက္ခရာတွေကို ဖော်ထုတ်အဖြေရှာနိုင်ပါ့မလားဆိုတာ…

အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံက General Shang က ဘာသာစကားနဲ့ ပတ်သက်ပြီး သူတို့ ဖော်ထုတ်လို့ရတာက …
Use the weapon လို့ အဖြေထုတ်လိုက်ပါတယ်။ ဒါဟာတစ်နည်းအားဖြင့် စစ်ကြေညာတာလို့ သူတို့က နားလည်လက်ခံလိုက်ပါတယ်။
Louise က အဖြေထုတ်ရာမှာတော့ Offer weapon လို့ အဖြေထုတ်ပါတယ်။ တနည်းအားဖြင့် နည်းပညာ/ လက်နက်တစ်ခုခုကို စီးပွားရေးဆန်ဆန် လာရောက်ရောင်းချတာမျိုးဖြစ်နိုင်တယ်လို့ သူမက ယုံကြည်ပါတယ်။

ဆိုတော့ကာ… တရုတ်အပါအဝင် အခြားနိုင်ငံတော်တော်များများက ယာဉ်ပျံတွေကို ၂၄ နာရီအတွင်း ကမ္ဘာမြေကထွက်ခွာဖို့ သတိပေးလိုက်ပြီး မထွက်ခွာပါက တိုက်ခိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ.. Russia နိုင်ငံကဲ့သို့ စစ်အင်အားကြီးနိုင်ငံအပါအဝင် Sudan, Pakistan အစရှိတဲ့နိုင်ငံတွေကပါ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စစ်ရေးအရပဲ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

Louise တို့ရဲ့စခန်းနဲ့လည်း အဆက်အသွယ်မလုပ်တော့သလို သတင်းအချက်အလက်များကိုလည်း ဝေမျှခြင်းမရှိတော့ပဲ…သိပ်မကြာခင်မှာ နိုင်ငံတော်တော်များများက ကမ္ဘာတစ်ဝှန်းလုံးက ယာဉ်ပျံတွေကို စစ်ကြေညာပြီး ထွက်ခွာဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီယာဉ်ပျံတွေကရော အလွယ်တကူ ထွက်ခွာသွားမလား.. ကမ္ဘာမြေကရော အန္တရာယ်ကင်းပါ့မလားဆိုတာ….

“Full Spoiler Alert”

Louise က မတည်ငြိမ်တဲ့အခြေအနေတစ်ခုမှာ .. တော်တော်များများကလည်း စခန်းကို သိမ်းဆည်းနေပြီး စစ်ကြေညာဖို့ပြင်ဆင်နေတာကြောင့် .. သူမက အရဲစွန့်ပြီး ယာဉ်ပျံရှိရာဆီကို တစ်ဦးတည်း သွားရောက်ပြီး ဂြိုလ်သားနဲ့ ဆက်သွယ်ဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ သူမသဘောပေါက်လိုက်တာက သူမက အနာဂတ်ကို ကြိုမြင်တဲ့ အစွမ်းရှိနေတာပါ။ ကျွန်တော်တို့ဇာတ်လမ်းအစမှာ ကြည့်ခဲ့ရတဲ့ သူမနဲ့ သူမရဲ့ သမီးလေးဆိုတာကလည်း တကယ်တမ်းတော့ Louise ကြိုမြင်နေရတဲ့အရာတွေပါ။ သမီးရဲ့ဖခင်ကတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက် ရူပဗေဒသိပ္ပံပညာရှင် Ian ပဲဖြစ်ပါတယ်။ ဒါပေမယ့် Louise က သူမရဲ့အနာဂတ်ကို ကြိုမြင်နိုင်စွမ်းကို ခင်ပွန်းဖြစ်သူ ရူပဗေဒသိပ္ပံပညာရှင် Ian ကို ဖွင့်ပြောခဲ့တာကြောင့် Ian ကလက်မခံနိုင်ပဲ အချင်းများရာက လမ်းခွဲလိုက်ကြပုံပါပဲ။

နောက်ဆုံးမှာတော့ Louise က သူမရဲ့ အနာဂတ်အကြောင်းကို သိရှိခဲ့ရသလိုပဲ.. သူမရဲ့ အနာဂတ် ကြိုမြင်နိုင်စွမ်းကို အသုံးချကာ တရုတ်နိုင်ငံက General Shang ကို နားလည်အောင်ရှင်းပြနိုင်ခဲ့တာကြောင့် စစ်ဖြစ်ပွားခြင်းမရှိတော့ပဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့ပါတယ်။

တကယ်တမ်းမှာ Louise ဘာသာပြန်ခဲ့သလို Offer weapon မဟုတ်ပဲ Offer Gift ဖြစ်နေတာပါ။ ဂြိုလ်သားနဲ့ ဆက်သွယ်ရင်းနဲ့ Louise က အနာဂတ်ကို ကြိုမြင်နိုင်စွမ်းတဲ့လက်ဆောင်ကို ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ဂြိုလ်သားတွေလာရောက်ဆက်သွယ်တဲ့ကိစ္စကလည်း တကယ်တမ်းမှာ သူတို့တွေအနေနဲ့ နောင်တစ်ချိန်မှာ လူသားတွေရဲ့အကူအညီလိုအပ်လာမှာဖြစ်လို့အခုကတည်းက လာရောက်ဆယ်သွယ်ထားခြင်းပဲဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ ဂြိုလ်သားတွေ အကြောင်းကို အသေးစိတ်ရှင်းမပြခဲ့ပဲ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေကျော်လွှားနိုင်ခဲ့တယ်ဆိုတာလောက်ပဲ ပြသသွားခဲ့ပါတယ်။

ဒီဇာတ်ကားကိုကြည့်ပြီး ခံစားမိတာကတော့.. လူတွေက ကြောက်စိတ်နဲ့ အတ္တပေါင်းစပ်လာရင် ကြမ်းတမ်းခက်ထန်လာတတ်တာပါပဲ.. ..(လူတွေက ဒီယာဉ်ပျံကြီးတွေနဲ့ပတ်သက်လို့ သေချာမသိရသေးခင်မှာပဲ စိုးရိမ်ပူပန်မှုတွေလွန်ကဲကာ အကြောက်တရားနဲ့ အတ္တတို့ပေါင်းစပ်ပြီး .. တိုင်းပြည်မငြိမ်သက်မှုများ.. ဆူပူအုံကြွမှုများ နဲ့ အစိုးရပေါ်ဖိအားပေးမှုတွေရှိလာပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ )

နောက်ထပ်ခံစားမိတာတစ်ခုက
အက္ခရာတွေကို အဓိပ္ပာယ်ဖော်တဲ့နေရာမှာ “use the weapon” နဲ့ “offer weapon” လို့ ဘာကြောင့်အဓိပ္ပာယ်ကွဲသွားရတာလဲဆိုတဲ့အချက်ပါ..
ကျွန်တော့်ရဲ့အမြင်အရတော့ Louise ရဲ့ စိတ်အခံက ဂြိုလ်သားတွေနဲ့ပတ်သက်ပြီး ရင်နှီး နှစ်လိုဖွယ်ရှိပြီး General Shang တို့ကတော့ နဂိုစိတ်ရင်းမှာကိုက ဂြိုလ်သားတွေအပေါ်မှာသံသယထားပြီး နှစ်မြို့ပုံမရတာကြောင့် ဘာသာပြန်တဲ့နေရာမှာအဓိပ္ပာယ်ကွဲပြားသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။

လက်တွေ့ဘဝမှာလည်း လူတွေက မိမိတို့ကြားနေမြင်နေတာတွေကို ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးအဓိပ္ပာယ်ကောက်လေ့ရှိကြတယ်မဟုတ်ပါလား….
ဒါကြောင့် ချစ်သောစိတ်ဖြင့် မြင်နိုင်ကြားနိုင်ကြပါစေလို့ ဆုတောင်းရင်း….

#Arrival_2016, #Nucleon_Content, #Admin_N

(ရုပ်ရှင်အညွှန်းကို Nucleon FB Page မှကူးယူဖော်ပြပါသည်။)

File size…(2.8 GB )/(910 MB)/ (730 MB)
Quality….BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….01:56:31
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)
Arrival (2016)


No downloads available

Genres



Related movies