Channel Myanmar

Deepwater Horizon (2016)

Deepwater Horizon    

PG-13 107 min ActionDramaHistory

7.1
IMDB: 7.1/10 42,354 votes

, , ,

1 win & 4 nominations.

Hong Kong, USA

1439284

Report error

442

Deepwater Horizon (2016)

IMDb Rating (7.1) / Rotten Tomatoes (82 %)

၂၀၁၀ခုနှစ် Mexico ပင်လယ်ကွေ့ ရေနံစင်မှာ Gas ယိုစိမ့်ရာမှ ရေနံစင်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ (၁၁) ဦး သေဆုံးကာ လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမီးလောင်မှုကို ၃၆ နာရီကြာ မီးငြိမ်းသတ်ခဲ့ရပြီး အကျိုးသက်ရောက်မှုအနေနဲ့ ပတ်ဝန်းကျင်မှ လူပေါင်း ၄၈,၀၀၀ ကျော် ရွေ့ပြောင်းခဲ့ရကာ မိုင် ၂၅၀၀ ကျော် (ပေပေါင်း ၁၃.၅ မီလီယံ) လောက် ရေထုညစ်ညမ်းသွားခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလအထိ သဘာဝပါတ်ဝန်းကျင် ရှင်းလင်းထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ရပါတယ်.
ဒီမတော်တဆပေါက်ကွဲမှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Deepwater Horizon ဆိုတဲ့ Movie မှာတော့ မင်းသား Mark Wahlberg နဲ့ မင်းသမီး kate Hudson တို့က အဓိကပါဝင်ပြီး Lone Survivor, Hancock တို့ ကို ရိုက်ကူးခဲ့တဲ့ Director Peter Berg က ရိုက်ကူးတင်ဆက်ထားပါတယ်.

Deepwater Horizon အဖြစ်အပျက်က ဗြိတိန်နိုင်ငံရဲ့ British Petrol #BP ကော်ပိုရေးရှင်းရဲ့ ရေနက်ပိုင်း ကမ်းလွန်လုပ်ကွက်မှာဖြစ်ခဲ့တာပါ။
Drilling အတွက် ကန်ထရိုက်ရတဲ့ Transocean ကော်ပိုရေးရှင်းရဲ့ Drilling rig ဖြစ်တဲ့ Deepwater Horizon မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုပါ။
Crew ၁၂၆ ယောက်ရှိတဲ့အနက် ၁၁ ဦး ဆုံးပါးခဲ့ရပါတယ်။
ပင်လယ်ထဲက ကမ်းလွန်ရေနံတူးစင် တွေမှာ ကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်ရတဲ့ အင်ဂျင်နီယာတွေ တက်ကနစ်ရှင်တွေ အော်ပရေတာတွေ ဝန်ထမ်းတွေရဲ့ ခက်ခဲတဲ့ ဘဝတွေကို ထင်ဟပ်ထားပါတယ်။
မတော်တဆဖြစ်မှုကြောင့် ပလက်ဖောင်းတစ်ခုလုံး မီးလောင်ပေါက်ကွဲပြီး အန္တရာယ်နဲ့ကြုံရတဲ့အခါ အသက်ဘေးကလွတ်မြောက်အောင် စွမ်းစွမ်းတမံ ရုန်းကန်ကြိုးစားကြပုံတွေကို ကြည့်ရမှာပါ။
OIM(Offshore Installation Manager) ဂျင်မီဟာရဲလ်(Kurt Russell) ရဲ့ ဒဏ်ရာအပြင်းအထန် ကြားထဲက တာဝန်ခံမှု၊ Chief Electronic Technician မိုက်ခ်ဝီလီယမ် (Mark Wahlberg) ရဲ့ အစွမ်းကုန်အားထုတ်မှု တွေကိုလည်း ရှုစားရပါလိမ့်မယ်။
မီးလောင်ပေါက်ကွဲမှုကြောင့် ဝုန်းဒိုင်းကြဲနေတဲ့ကရိန်းကို
အသက်ကယ်လှေတွေထားရာ စုရပ်မှာ စုဝေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်ကို ပြုတ်ကျမလာအောင် မီးတောက်တွေ ပေါက်ကွဲမှုတွေကြားကနေ တာဝါပေါ်ကို မရအရတက်ပြီး ကြိုးစားထိန်းချုပ်ရင်း အသက်စွန့်သွားတဲ့ အယ်ရွန်ဒေးလ်ဘာကီးန် ဟာလည်း Deepwater Horizon ရဲ့ သူရဲကောင်း တစ်ယောက်ပါ။ သူအသက်စွန့် ကယ်တင်ခဲ့လို့ ကျန်တဲ့ Crew တွေအားလုံး အသက်ဘေးကလွတ်ခဲ့တာပါ။
Jason Kirkpatrick က ဒေးလ် အဖြစ် သရုပ်ဆောင်ထားပါတယ်။
ကမ်းလွန်ပင်လယ်ပြင် ရေနက်ထဲက ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်တဲ့ Offshore Platform တွေမှာ အလုပ်လုပ်ကြတဲ့ လူတွေကို ဝင်ငွေကောင်း တယ်လို့သာ သိကြပါတယ်။ အသက်နဲ့ရင်းပြီး ပင်ပင်ပန်းပန်း ရုန်းကန်ကြရတဲ့ ကြမ်းတမ်းတဲ့ ဘဝတွေဖြစ်ကြောင်းကိုတော့ ရောက်ဖူးတဲ့သူတွေမှသာ ကိုယ်ချင်းစာပြီးတော့ နားလည်ပေးနိုင်ကြပါလိမ့်မယ်။

(ရုပ်ရှင်အညွှန်းကို မင်းအောင်ခန့်ဇော် FB မှ ကူးယူဖော်ပြပါသည်။)

File size…(6.6 GB )/(1.7 GB)/ (1.2 GB)
Quality….BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….01:47:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Poe Thin Zar Kyaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)
Deepwater Horizon (2016)


No downloads available

Genres



Related movies